Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲမျိုးစုံစျေးများမြင့်တက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲမျိုးစုံစျေးများမြင့်တက်

ရက်စွဲ၊ ၂၄.၈.၂၀၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ တစ်ပတ်အတွင်း ကာလတူ(၁၇..၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲမျိုးစုံစျေးများ မြင့်တက်ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ပဲတီစိမ်း (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၅၀ဝဝ)ကျပ်၊ ယခုတစ်ပတ် (၄၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀ဝဝ)ကျပ်၊ ပဲလွန်းဝါ(သေး) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၂၀ဝဝ) ကျပ်၊ ယခုတစ်ပတ်(၄၆၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၄၀ဝဝ)ကျပ်၊ ကုလားပဲ(သေး) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၁၀ဝဝ)ကျပ်၊ ယနေ့(၅၇၅ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၆၅ဝဝ)ကျပ်၊ ပဲကြီးဖြူ (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၇၁၀ဝဝ)ကျပ်၊ ယနေ့(၇၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၄၀ဝဝ)ကျပ်၊ ပဲကြီး(မဲ) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၆၀၀ဝဝ)ကျပ်၊ ယနေ့(၆၃၀ဝဝ)ကျပ် စျေး ဖြစ်သည့်အတွက်(၃၀ဝဝ)ကျပ်၊ ပဲစဉ်းငုံနီ(သစ်) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် တွင်(၆၁၃ဝဝ)ကျပ်၊ ယနေ့(၆၁၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂ဝဝ)ကျပ်၊ စားတော်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၁၁၀၀ဝဝ)ကျပ်၊ ယနေ့(၁၃၅၀၀ဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၅၀ဝဝ)ကျပ်တို့ဖြင့် စျေးသိသိသာသာမြင့်တက်ခဲ့ကာ အရောင်း အဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News